Daily bread

မာန ကင်းပါစေ

June 13, 2024 • Psalm 10:2

“မတရားသောသူသည် မာနစိတ်ရှိ၍၊ ဆင်းရဲ သော သူကိုညှဉ်းဆဲတတ်ပါ၏။ မိမိပြုသော ပရိယာယ်အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ၏။ မတရားသောသူသည် မိမိစိတ်အလို၌ ဝါကြွား တတ်ပါ၏။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ်၍ မထီမဲ့မြင်ပြုတတ်ပါ၏။”(ဆာလံ 10:2)


မတရားသောသူက မာနစိတ်ရှိသူလို့ နှုတ်ကပတ်တော်မှာ ပြောထားတာတွေ့ရတယ်။ မတရားသောသူတွေက မောက်မာတယ်၊ မသနားတတ်ဘူး။ဘုရားကို မထီမဲ့မြင်ပြုတယ်။ ဒီလိုလူမျိူးနဲ့သင်က ခင်မင်ရင်းနှီးပြီး သွားပေါင်းဖော်မိနေရင်တော့ သင့်ကို သူလိုတာပုံသွင်းဖို့ ကြိုးစားလာတော့မယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်မရှိပဲနဲ့ လောကမှာ ငါလုပ်လို့ငါရတာဆိုတဲ့ အတွေးက မတရားသောသူတွေမှာ ရှိတတ်ကြတယ်။ ဒီလိုလူမျိူးတွေက သင့်ကို ဒါလုပ်ပါ၊ ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါလို့ ပြောလာတဲ့စကားတွေကို သင်လုံးဝ နားမထောင်မိပါစေနဲ့။ ဘုရားမရှိဘူးလို့ ပြောတဲ့သူက ဥာဏ်မရှိသူဖြစ်ပြီး အဲ့လိုလူမျိူးရဲ့ ချမ်းသာကြွယ်ဝမှူကို သင့်ကြည့်ပြီးတော့မှ သင်က သူ့ရဲ့အကြံဥာဏ်ကို သွားယူရင် သင်အမှားတွေကြုံရမှာဖြစ်တယ်။ သူတို့ကို သွားပြီး မတိုင်ပင်မိစေနဲ့။ ဘုရားသခင်ဆီက ဖွင့်ပြချက်ကိုပဲ ယူတတ်သောသူတွေ ဖြစ်ကြပါစေ။