Daily Bread

နှလုံးသား

June 14, 2024 • Proverbs 11:21

“လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။”(သုတ္တံ 11:21)


လူဆိုးတွေရဲ့သဘာဝက သူများအောင်မြင်ခြင်း သူများကောင်းစားခြင်းကို ဝမ်းမမြောက်နိုင်ပဲ ဒေါသ‌စိတ်တွေ ဖြစ်ပြီး အုပ်စုဖွဲ့နေတတ်သူတွေ ရှိကြတယ်။ မောရှေကိုကြည့်ပြီး ကောရ ဖြစ်သလိုမျိူးပဲ။ မောရှေပဲ လေဝိသားမဟုတ်ဘူး၊ သူတို့လည်း လေဝိသားတွေဖြစ်တယ်။ သူတို့ကိုယ်သူတို့လည်း ဘုရားက ရွေးကောက်ထားတဲ့သူ၊ ဘုရားကလည်း သူတို့ကို ကိုးကွယ်ဖို့ထား ထားပါတယ်လို့ ပြောကြတယ်။ ဒါပေမယ့် သူတို့မသိတာက ဘုရားက appoint လုပ်ပြီး anoint လု ပ်တာကို မသိကြဘူး။ ကောရက မောရှေလိုပဲ တရားဟောကောင်းတယ်။ မောရှေလိုပဲ လုပ်နိုင်ကိုင်နိုင်တယ်။ ဘုရားသခင်က ကျွမ်းကျင်တဲ့သူနဲ့ အလုပ်လုပ်တာမဟုတ်ဘူး၊ ဘုရားသခင်က အရည်အချင်းတွေ အပေါ်မှာ အလုပ်လုပ်တဲ့ ဘုရားသခင် မဟုတ်ဘူး။ နှလုံးသားကို ကြည့်ပြီးတော့မှ အလုပ်လုပ်တဲ့ ဘုရားဖြစ်တယ်။ နှလုံးသားကို ကြည့်ပြီးရွေးကောက်တဲ့ ဘုရားဖြစ်တယ်။ အယောက်စီတိုင်း ဘုရားသခင်နှစ်သက်သော နှလုံးသားများရှိကြပါစေ။